မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၅.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများသည် မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈)ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ကော်မတီအစည်းအဝေးကို (၅.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၂း၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


