2638

မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၇.၁၁.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှ အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက် ကြပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများသည် ခွန်အောင်ကိစ္စနှင့်ပတ်သက်၍ ကော်မတီမှသုံးသပ်ချက်၊ ဆွေးနွေးချက်၊ တွေ့ရှိချက်၊ အကြံပြုသုံးသပ်ချက် များကို အစိုးရအဖွဲ့သို့ပေးပို့သွားရေးကိစ္စကို ဆွေးနွေးခဲ့ပါ သည်။

ကော်မတီအစည်းအဝေးကို (၁၇.၁၁.၂၀၁၇)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။