မွန်ပြည်နယ်လွှတ်တော်အဖွဲ့လူထုတွေ့ဆုံပွဲပြုလုပ်ကျင်းပခြင်း
(၁၉-၆-၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် ဘီးလင်းမြို့ ဓမ္မာရုံတွင် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးဆောင်သော လွှတ်တော်အဖွဲ့ လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူလူထုများ တက်ရောက် ခဲ့ကြပါသည်။
လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေးရာကော်မတီဥက္ကဋ္ဌများမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပေးခဲ့ကြပါသည်။ အဲဒီနောက် တက်ရောက် လာကြသည့် ပြည်သူများမှ လိုအပ်ချက်များအား မေးမြန်းတင်ပြတောင်းဆိုခဲ့ပြီး လအတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နှင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြ ပါသည်။ ထို့နောက်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြေကြားပြီး တွေ့ဆုံပွဲကို မွန်းလွဲ (၂း၀၀)နာရီတွင် ရပ်နားပါသည်။






