မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၃.၅.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာကော်မတီခန်းမ၌ မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာေ ကာ်မတီ မှ အစည်းအဝေးကျင်းပ ပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ Care Myanmarနှင့် နွေးထွေးသောရင်ခွင်အဖွဲ့ အစည်းမှ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများသည် မွန်ပြည်နယ်လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာကော်မတီသို့ တိုင်ကြားထားသည့်ကိစ္စ၏ တွေ့ရှိချက်နှင့် အကြံပြုချက်ကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ရန်၊ Care Myanmarနှင့် နွေးထွေးသောရင်ခွင် အဖွဲ့အစည်းနှင့်ကော်မတီပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးကြပါသည်။
ကော်မတီအစည်းအဝေးကို (၃.၅.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



