မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၈.၁.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများမှ မွန်ပြည်နယ်ငွေတိုးချစားသူများဥပဒေ(မူကြမ်း) ကိုဆွေးနွေးခဲ့ ကြပါသည်။
ကော်မတီအစည်းအဝေးကို (၁၈.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၂း၂၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



