2856

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၀.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ  တက်ရောက်ကြပါသည်။

အစည်းအဝေးသို့တက်ရောက်လာသူများမှ မွန်ပြည်နယ်ဆားနှင့်ဆားထွက်ပစ္စည်းဥပဒေကိုပြင်ဆင်သည့် ဥပဒေနှင့် ၂၀၁၇ခုနှစ်၊ မွန်ပြည်နယ်ငွေတိုးချစားသူများဥပဒေ (မူကြမ်း)တို့ကို  ဆွေးနွေးခဲ့ကြပါသည်။

ကော်မတီအစည်းအဝေးကို (၁၀.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၄း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။