မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၇.၈.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် ဥပဒေ ပြုရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့ တက်ရောက်ကြပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများမှ မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
ကော်မတီအစည်းအဝေးကို (၁၇.၈.၂၀၁၇)ရက်နေ့၊ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


