1853

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၁.၅.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော   ပြည်နယ်ဥပဒေအရာရှိ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တက်ရောက်လာကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာကြသောသူများမှ မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊   ပြင်ဆင်ဖြည့်စွက်ခြင်း များရေးဆွဲဆောင်ရွက်ခဲ့ကြပါသည်။

ကော်မတီအစည်းအဝေးကို (၁၁.၅.၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။