1529

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ၏ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ (၃၁)ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း

၁.၁၁.၂၀၁၆(အင်္ဂါနေ့)                         ရုံးတက်ရောက်ပါသည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ပါသည်။

၂.၁၁.၂၀၁၆(ဗုဒ္ဓဟူးနေ့)                   (၁၀း၀၀)နာရီအချိန်မွန်ပြည်နယ်လွှတ်တော်ရုံးတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအစည်းအဝေးနှင့်(၁၃း၀၀) နာရီအချိန်တွင် ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာလေ့လာသုံးသပ် ရေးကော်မတီအစည်းအဝေးပြုလုပ်သည်။ (၁၄း၀၀)နာရီအချိန် မွန်ပြည် နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ် တော်လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများကို မီဒီယာအဖွဲ့များ နှင့်တွေ့ဆုံရှင်းလင်းပါသည်။

၃.၁၁.၂၀၁၆(ကြာသပတေးနေ့)           ရုံးတက်ရောက်ပါသည်။ (၁၁း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်သော ပြည်နယ်/ခရိုင်/မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပါ သည်။

၄.၁၁.၂၀၁၆(သောကြာနေ့)               ရုံးတက်ရောက်ပါသည်။ (၁၂း၀၀)နာရီအချိန် မွန်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်သော မွန်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသို့ တက်ရောက်ပါသည်။

၅.၁၁.၂၀၁၆(စနေနေ့)                     ရုံးတက်ရောက်ပါသည်။ (၁၂း၀၀)နာရီအချိန် မွန်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊မွန်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များအစည်းအဝေးသို့ တက်ရောက် ပါသည်။

၆.၁၁.၂၀၁၆(တနင်္ဂနွေနေ့)                (ဝရး၀၀)နာရီအချိန်၊ မော်လမြိုင်မြို့နယ်ရှေ့နေများအသင်းရုံးတွင်ကျင်းပ ပြုလုပ်သော စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသည့် အလှူတော်မင်္ဂလာပွဲသို့ တက်ရောက်ကြည်ညိုပါသည်။

၇.၁၁.၂၀၁၆(တနင်္လာနေ့)                 (၁၀း၀၀)နာရီအချိန်မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဥက္ကဌအစည်းအဝေးခန်းမ တွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၊ ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများအထက် ဝန်ထမ်းနှင့်တွေ့ဆုံပြီး ရုံုးလုပ်ငန်းများစနစ်တကျဆောင်ရွက်ရေးအတွက် ညှိနှိုင်းအစည်းအဝေး

ပြုလုပ်ပါသည်။ (၁၁း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် ပြည် နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ် ရေးကော်မတီအစည်းအဝေးကို ပြုလုပ်ပါသည်။

၈.၁၁.၂၀၁၆(အင်္ဂါနေ့)                     ရုံးတက်ရောက်ပါသည်။

၉.၁၁.၂၀၁၆(ဗုဒ္ဓဟူးနေ့)                   (၀၈း၀၀)နာရီအချိန် မော်လမြိုင်မြို့သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သော ပြည်နယ်အစိုးရအဖွဲ့စုပေါင်းကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသည့်အလှူ တော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုပါသည်။(၁၀း၀၀)နာရီ အချိန်မွန်ပြည်နယ်လွှတ်တော်ရုံးတွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင် ရာကော်မတီများနှင့် တွေ့ဆုံသည့်ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။

၁၀.၁၁.၂၀၁၆(ကြာသပတေးနေ့)          ရုံးတက်ရောက်ပါသည်။

၁၁.၁၁.၂၀၁၆(သောကြာနေ့)              (ဝရး၀၀)နာရီအချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဗဟိုကော်မတီ အစည်းအဝေးတက်ရောက်ရန် ရန်ကုန်မြို့သို့ သွားရောက်ပါသည်။

၁၂.၁၁.၂၀၁၆(စနေနေ့)                   (၀၉း၀၀)နာရီအချိန် ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဗဟို ကော်မတီအစည်းအဝေးတက်ရောက်ပြီး ညပိုင်းတွင် ပြန်လာရာ မော်လမြိုင်မြို့သို့(၂၂း၃၀)နာရီအချိန်တွင် ရောက်ရှိပါသည်။

၁၃.၁၁.၂၀၁၆(တနင်္ဂနွေနေ့)              (၀၉း၀၀)နာရီအချိန်တွင်မော်လမြိုင်မြို့၊မွန်ပြည်နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၊ ပြည်နယ်ရုံးအစည်းအဝေးခန်းမတွင် NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်နှင့် မွန်ပြည်နယ်မှလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံသည့် အစည်းအဝေးသို့ တက်ရောက်ပါသည်။

၁၄.၁၁.၂၀၁၆(တနင်္လာနေ့)               တန်ဆောင်မုန်းလပြည့်နေ့ ရုံးပိတ်ရက်ဖြစ်ပါသည်။

၁၅.၁၁.၂၀၁၆(အင်္ဂါနေ့)                   ပြည်ထောင်စုလွှတ်တော်အစည်းအဝေးလေ့လာရေးနှင့် မြန်မာနိုင်ငံဆိုင် ရာလွှတ်တော်အဖွဲ့(MPU) အစည်းအဝေးတက်ရောက်ရန် (၀၆း၀၀)နာရီ အချိန်မော်လမြိုင်မြို့မှ နေပြည်တော်သို့သွားရောက်သည်။

၁၆.၁၁.၂၀၁၆(ဗုဒ္ဓဟူးနေ့)                 နေပြည်တော်တွင် အစည်းအဝေးတက်ရောက်နေပါသည်။

၁၇.၁၁.၂၀၁၆(ကြာသပတေးနေ့)          နေပြည်တော်တွင် အစည်းအဝေးတက်ရောက်နေပါသည်။

၁၈.၁၁.၂၀၁၆(သောကြာနေ့)              နေပြည်တော်တွင် အစည်းအဝေးတက်ရောက်နေပါသည်။

၁၉.၁၁.၂၀၁၆(စနေနေ့)                   ဥက္ကဌနေပြည်တော်တွင်မှ ပြန်လည်ရောက်ရှိပါသည်။

၂၀.၁၁.၂၀၁၆(တနင်္ဂနွေနေ့)              ရုံးပိတ်ရက်ဖြစ်ပါသည်။

၂၁.၁၁.၂၀၁၆(တနင်္လာနေ့)               ရုံးတက်ရောက်ပါသည်။

၂၂.၁၁.၂၀၁၆(အင်္ဂါနေ့)                   ရုံးတက်ရောက်ပါသည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ် လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးပြုလုပ်သည်။

၂၃.၁၁.၂၀၁၆(ဗုဒ္ဓဟူးနေ့)                 ရုံးတက်ရောက်ပါသည်။

၂၄.၁၁.၂၀၁၆(ကြာသပတေးနေ့)          အမျိုးသားအောင်ပွဲနေ့ ရုံးပိတ်ရက်ဖြစ်ပါသည်။

၂၅.၁၁.၂၀၁၆(သောကြာနေ့)              ရုံးတက်ရောက်ပါသည်။

၂၆.၁၁.၂၀၁၆(စနေနေ့)                   သံဖြူဇရပ်မြို့နယ်သို့ သွားရောက်ပြီး (၁၀း၀၀)နာရီအချိန်စက်စဲကျေးရွာ နှင့်(၁၃း၀၀)နာရီအချိန် ပဒံငံကျေးရွာများတွင် မဲဆန္ဒရှင်များနှင့်တွေ့ဆုံပြီး လွှတ်တော်လုပ်ငန်းများအခြေအနေနှင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပါသည်။

၂၇.၁၁.၂၀၁၆(တနင်္ဂနွေနေ့)              ရုံးပိတ်ရက်ဖြစ်ပါသည်။ ညနေပိုင်းတွင် သံဖြူဇရပ်မှမော်လမြိုင်သို့ ပြန်လာသည်။

၂၈.၁၁.၂၀၁၆(တနင်္လနေ့)                 (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်စတုတ္ထအစည်းအဝေးကျင်းပရန်အတွက်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ရုံးအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။

၂၉.၁၁.၂၀၁၆(အင်္ဂါနေ့)                   (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့များနှင့် တွေ့ဆုံရန်အကြောင်းကြားထားသော်လည်း လာရောက်ခြင်းမရှိသဖြင့် ဆွေးနွေးပွဲမဖြစ်ပါ။ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် လုပ်ငန်းများညှိနှိုင်းဆွေးနွေးပါသည်။

၃၀.၁၁.၂၀၁၆(ဗုဒ္ဓဟူးနေ့)                 (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပါသည်။