1331

မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဒေါ်တင်အိ၏ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁)ရက်မှ (၃၁)ရက်နေ့အထိ နေ့စဉ်ဆောင်ရွက်ချက်မှတ်တမ်း

၁.၇.၂၀၁၆(သောကြာနေ့)              ရုံးတက်ရောက်သည်။

 

၂.၇.၂၀၁၆(စနေနေ့)                     သံဖြူဇရပ်မြို့နယ်သို့သွားရောက်ပြီး(၃.၇.၂၀၁၆)ရက်နေ့တွင် မဲဆန္ဒရှင်      များနှင့် တွေ့ဆုံမည့်အစီအစဉ်များကိုစီစဉ်ဆောင်ရွက်သည်။

 

၃.၇.၂၀၁၆(တနင်္ဂနွေနေ့)               (၁၀း၀၀)နာရီအချိန်သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်အထက်တန်းကျောင်း ခန်းမတွင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများ၊မဲဆန္ဒရှင်များနှင့်တွေ့ဆုံပြီး မြို့နယ်/ရပ်ကွက်/ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်လွှတ်တော်ဆိုင်ရာလုပ်ငန်းများကိုဆွေးနွေးပြီး၊တင်ပြချက် များကိုရှင်းလင်းပြောကြားပါသည်။အဆိုပါတွေ့ဆုံပွဲသို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဉာဏ်ဟိန်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းတို့တက်ရောက်ဆွေးနွေးပါသည်။ (၁၃း၀၀)နာရီ အချိန်နှစ်ကိုင်းကျေးရွာသို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဉာဏ်ဟိန်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းတို့နှင့်အတူ သွားရောက်ကာ မဲဆန္ဒရှင်များနှင့် တွေ့ဆုံပြီးဖွံ့ဖြိုးရေးလုပ်ငန်းနှင့်    လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 

၄.၇.၂၀၁၆(တနင်္လာနေ့)                (၁၀း၀၀)နာရီအချိန်တွင်          မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌနှင့်      ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပြီး၊လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းကြပါသည်။   (၁၃း၀၀)နာရီအချိန်တွင်မွန်ပြည်နယ်လွှတ် တော်ပြည်နယ်အစိုးရအဖွဲ့၏အာမခံချက်များ ၊ကတိများနှင့်တာဝန်ခံချက် များစိစစ်ရေးကော်မတီအစည်းအဝေးသို့တက်ရောက်ပါသည်။

 

၅.၇.၂၀၁၆(အင်္ဂါနေ့)                     (၀၈း၃၀)အချိန်မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် Asia Foundationမှ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအကြောင်းမိတ်ဆက်အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်သည်။အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များတက်ရောက်သည်။(၁၂း၀၀)နာရီအချိန်တွင် မွန်ပြည် နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအစည်းအဝေးသို့ တက်ရောက် သည်။

 

၆.၇.၂၀၁၆(ဗုဒ္ဓဟူးနေ့)                 (၀၉း၀၀)နာရီအချိန်မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် Asia Foundation မှပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ သို့တက်ရောက်သည်။ (၁၂း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး အစည်းအဝေးသို့တက်ရောက်သည်။

၇.၇.၂၀၁၆(ကြာသာပတေးနေ့)        ရုံးတက်ရောက်ပါသည်။ (၀၈း၃၀)အချိန် ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင် မွန်ပြည်နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၃)ဦး တက်ရောက်သည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ်ပညာရေး၊ ကျန်းမာရေးဦးစီးဌာနများမှ ပြည်နယ်အဆင့်တာဝန်ခံများနှင့် တွေ့ဆုံပြီး၊လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးကြပါသည်။ (၁၁း၃၀)နာရီအချိန် မွန်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးသို့တက်ရောက်ပါသည်။

 

၈.၇.၂၀၁၆(သောကြာနေ့)              ရုံးတက်ရောက်ပါသည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် တိုင်စာနှင့်ဥပဒေ ရေးရာကော်မတီ အစည်းအဝေးပြုလုပ်သည်။

 

၉.၇.၂၀၁၆(စနေနေ့)                     ရုံးပိတ်ရက်ဖြစ်ပါသည်။

 

၁၀.၇.၂၀၁၆(တနင်္ဂနွေနေ့)             (၁၀း၀၀)နာရီအချိန် မော်လမြိုင်မြို့ သံလွင်ဥယျာဉ် အောင်ဆန်းရင်ပြင်ရှိ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ထုနှင့် သံလွင်ဥယျာဉ်ဝန်းကျင် အကြီးစားပြုပြင်ခြင်းလုပ်ငန်းကို ဌာနဆိုင်ရာနှင့် ပြည်သူလူထုတို့၏ ကူညီပံပိုးမှုဖြင့် ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ အဓွန့်ရှည် စွာထိန်းသိမ်းနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားသို့တက်ရောက်သည်။

 

၁၁.၇.၂၀၁၆(တနင်္လာနေ့)              ရုံးတက်ရောက်သည်။

 

၁၂.၇.၂၀၁၆(အင်္ဂါနေ့)                   (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များနှင့် မွန်ပြည် နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ တွေ့ဆုံပြီး၊ လုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားသို့တက် ရောက်သည်။

 

၁၃.၇.၂၀၁၆(ဗုဒ္ဓဟူးနေ့)               (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဥပဒေရေးရာကော်မတီ အစည်းအဝေးပြုလုပ်သည်။ (၁၃း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များနှင့် မွန်ပြည်နယ်လမ်းဦးစီးဌာနတို့ တွေ့ဆုံပြီး၊ လုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားသို့ တက်ရောက်သည်။

၁၄.၇.၂၀၁၆(ကြာသာပတေးနေ့)      (၀၉း၃၀)အချိန် လောကအလင်းမှ (Regional NetworkCoordinator) ဦးထွန်းလင်းဦးနှင့် ဦးရဲနောင်ထွဋ်တို့လာရောက်တွေ့ဆုံပြီး ၎င်းတို့၏လုပ် ငန်းများကို ရှင်းလင်းတင်ပြသည်။ (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ် လူမှုဝန်ထမ်း၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပြည် နယ်မှူးနှင့် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံးပြီး၊ လုပ်ငန်းကိစ္စရပ်များ ရှင်းလင်းတင်ပြပါသည်။ (၁၃း၀၀)နာရီအချိန် တိုင် ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးပြုလုပ်သည်။      

 

၁၅.၇.၂၀၁၆(သောကြာနေ့)            (၀၈း၃၀)နာရီအချိန် မော်လမြိုင်မြို့သာသနာဗိမာန်တော်ကြီးတွင် ပြည် နယ်အစိုးရအဖွဲ့ ဆဌမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြည်ညိုပါသည်။ (၀၉း၀၀)နာရီ မော်လမြိုင်မြို့အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ ပြည်နယ်လူမှုဝန်ထမ်း ဦးစီး ဌာနမှ ဦးဆောင်ကျင်းပသော မသန်းစွမ်းသူများ၏အခွင့်အရေးနှင့် ဥပဒေ အကြောင်းဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်သည်။ (၁၃း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး တွင် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်သည်။

 

၁၆.၇.၂၀၁၆(စနေနေ့)                   ရုံးပိတ်ရက်ဖြစ်ပါ။

 

၁၇.၇.၂၀၁၆(တနင်္ဂနွေနေ့)             ရုံးပိတ်ရက်ဖြစ်ပါသည်။ (ဝရး၀၀)နာရီအချိန် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နေအိမ် ဘုရားနေကဇာတင် အိမ်တက်မင်္ဂလာအလှူပွဲသို့ တက်ရောက်ပါသည်။ (၁၁း၀၀)နာရီ မွန်ပြည်နယ် N L Dရုံးအစည်းအဝေး သွားပါသည်။

 

၁၈.၇.၂၀၁၆(တနင်္လာနေ့)              (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ၌ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး နိုင်သက်လွင်နှင့် မွန်ပြည်နယ်မှ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံမည့် အခမ်းအနားသို့ တက်ရောက်ပါသည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် စည်ပင်သာယာရေးအဖွဲ့ များတွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးပါသည်။

 

၁၉.၇.၂၀၁၆(အင်္ဂါနေ့)                   (၆၉)နှစ်မြောက် အာဇာနည်နေ့နှင့် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။ (၀၅း၃၀) အချိန် မော်လမြိုင်မြို့သာသနာ့ဗိမာန်၌ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များအား      ဆွမ်းဆက်ကပ်လှူဒါန်းသည်။    (၀၈း၀၀)နာရီ

အချိန် မော်လမြိုင်မြို့သံလွင်ဥယာဉ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုရှေ့၌ အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပရာ၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌတို့ ပန်းခွေချအလေးပြု ကြပါသည်။ ဆက်လက်၍ ဌာနဆိုင်ရာများ၊ကျောင်းများ၊အဖွဲ့အစည်းနိုင်ငံ ရေးပါတီများနှင့် ရပ်ကွက်လုပ်သားပြည်သူများမှ ပန်းခွေချအလေးပြုကြ သည်။

 

၂၀.၇.၂၀၁၆(ဗုဒ္ဓဟူးနေ့)               ရုံးတက်ရောက်ပါသည်။ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြည်နယ်မှူး၊တာဝန်ရှိ ဝန်ထမ်းများတွေ့ဆုံပြီး ဌာနလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးကြပါသည်။

 

၂၁.၇.၂၀၁၆(ကြာသာပတေးနေ့)      (၀၆း၀၀)နာရီအချိန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ရေးမြို့နယ် သို့ခရီးထွက်ပါသည်။ အဆိုပါခရီးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဌနှင့် ကိုယ်စားလှယ်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သွားရောက်ကြပါသည်။ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိ မြို့ဖများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ကိုယ်စားလှယ်များ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။  မြို့နယ်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးကြသည်။ မွန်ပြည်နယ် လွှတ်တော်ရုံးတွင် ပြည်နယ်ကိုယ်စားလှယ် များနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးကြသည်။

၂၂.၇.၂၀၁၆(သောကြာနေ့)   (၀၆း၀၀)နာရီအချိန် သံဖြူဇရပ်မြို့နယ်သို့ သွားရောက်ပြီး၊ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့သည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ်    လွှတ်တော်ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံပြီး၊ လုပ်ငန်းအခြေ အနေများကို တင်ပြဆွေးနွေးရှင်းလင်းသည်။ မွန်ပြည်နယ် လွှတ်တော်ရုံး တွင် မွန်ပြည်နယ်လွှတ်တော်မှ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၊                   သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်း

ကာကွယ်စောင့်ကြည့်ရေးကော်မတီ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီများ အစည်းအဝေး ကျင်းပကြသည်။

 

၂၃.၇.၂၀၁၆(စနေနေ့)                   ရုံးပိတ်ရက်ဖြစ်ပါသည်။ သံဖြူဇရပ်မြို့နယ်တွင် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် တွေ့ဆုံပြီး မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပါ ဆောင်ရွက်ပါသည်။

 

၂၄.၇.၂၀၁၆(တနင်္ဂနွေနေ့)             ရုံးပိတ်ရက်ဖြစ်ပါသည်။

 

၂၅.၇.၂၀၁၆(တနင်္လာနေ့)              (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးတွင် Land Core Group  မှမြေယာ/လယ်ယာအသုံးချမှု၊ လယ်ယာမြေဥပဒေနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။ အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ (၁၀)မြို့နယ်မှ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာနဝန်ထမ်းများတက်ရောက်ကြသည်။ (၁၃း၀၀)နာရအချိန် မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အစည်းအဝေးသို့တက်ရောက်ကြသည်။

 

၂၆.၇.၂၀၁၆(အင်္ဂါနေ့)                   (၀၉း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၌ ကျင်းပပြုလုပ်သော မြေယာ/လယ်ယာမြေအသုံးချမှု၊ မြေယာဥပဒေနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

 

၂၇.၇.၂၀၁၆(ဗုဒ္ဓဟူးနေ့)               (ဝရး၀၀)နာရီအချိန် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်း ဖွဲ့စည်းပုံကိစ္စအစည်းအဝေးတက်ရောက်ရန်နေပြည်တော်သို့သွားရောက် သည်။

 

၂၈.၇.၂၀၁၆(ကြာသပတေးနေ့)       (၀၉း၀၀)နာရီအချိန် နေပြည်တော်(ဇမ္ဗူသီရိ)ဟိုတယ်တွင် ကျင်းပပြုလုပ် သော တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ ဖွဲ့စည်းပုံ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

 

၂၉.၉.၂၀၁၆(သောကြာနေ့)            (၁၂း၃၀)နာရီအချိန် နေပြည်တော်ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ဆောင်၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာလွှတ်တော်အစည်း အဝေး (MPU) (၃/၂၀၁၆)သို့ တက်ရောက်သည်။ အစည်းအဝေးပြီး၍ မော်လမြိုင်သို့ညတွင် ပြန်လည်ရောက်ရှိသည်။

 

၃၀.၇.၂၀၁၆(စနေနေ့)                   ရုံးပိတ်ရက်ဖြစ်ပါသည်။

၃၁.၇.၂၀၁၆(တနင်္ဂနွေနေ့)             (၁၀း၀၀)နာရီအချိန် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင် မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။