မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)တံတားဖွင့်ပွဲသို့တက်ရောက်
(၉.၅.၂၀၁၇)ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်ခန့်တွင် မော်လမြိုင်နှင့်ချောင်းဆုံ(ဘီလူးကျွန်း) ဆက်သွယ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း) ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်၊ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်ဒေါ်ခင်ဌေးကြွယ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဝန်ကြီးဦးဝင်းခိုင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများမှ တက်ရောက်ခဲ့ကြပါသည်။ ၎င်းအပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ်များလည်းတက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တံတားပြတိုက်ဖွင့်ပွဲတွင်မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေး၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဆောက်လုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။


