3302

မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၁.၅.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး၊ ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီအဖွဲ့ဝင် များတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သောချောင်းဆုံ-ကုလားတို့-ဖံဖ-မုရစ်ကလေး ကျွန်းပတ်လမ်းအား ဆောက်လုပ်ရေး လမ်းပိုင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကိစ္စနှင့် သတ္တမပုံမှန်အစည်းအဝေး တွင် မေးမြန်းခဲ့သော မွန်ပြည်နယ်၏ မြို့တော်ဖြစ်သော မော်လမြိုင်မြို့သည် ပြည်နယ်မြို့တော်အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိသိရှိလိုသော မေးခွန်းတို့နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို နေ့လည် (၁၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။