မွန်ပြည်နယ်အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်ရေးဆွဲရာတွင် ပြည်ထောင်စုအဆင့်မှ သဘောထားမှတ်ချက်များအား ပေါင်းစပ်ထည့်သွင်းခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း
(၄-၉-၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်ရေးဆွဲရာတွင် ပြည်ထောင်စုအဆင့်မှ သဘောထားမှတ်ချက်များအား ပေါင်းစပ်ထည့်သွင်းခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီများတက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် ထည့်သွင်းပေါင်းစပ်ရမည့်အချက်များအားဆွေးနွေးခြင်းနှင့် အတည်ပြုချက်ရယူခြင်း၊ Mon State Peace and Development Action Plan ဆက်လက်ရေးဆွဲနိုင်ရေးအတွက် Road Map နှင့် လုပ်ငန်း ကော်မတီများအကြောင်း ဆွေးနွေးခြင်းနှင့်အတည်ပြုချက်ရယူခြင်းများ ဆွေးနွေးကြပါသည်။



