မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ကျောင်းသက်သာဆိုင်ခန်းများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်း
(၈-၆-၂၀၂၆)ရက်၊(တနင်္လာနေ့)၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့မှ ကျောင်းသက်သာ ဆိုင်ခန်း လုပ်ကိုင်သူ (၃)ဦးနှင့်တွေ့ဆုံ၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ကျောင်းသက်သာ ဆိုင်ခန်း များနှင့်ပတ်သက်၍ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့မှ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မိုးတွင်းကာလကျော် (နိုဝင်ဘာလကုန်)အထိ ဆက်လက် လုပ်ကိုင်ခွင့်ပြုရန် တင်ပြလာခြင်းအပေါ် ဆွေးနွေးပြောကြားခဲ့ပါသည်။





