752

ရုံးလုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

မွန်ပြည်နယ်လွှတ်တော်ရုံး ရုံးလုပ်ငန်းဆိုင်ရာအစည်းအဝေးအား (၁.၁၂.၂၀၁၅)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရုံးခန်း၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်လွှတ်တော်ရုံး ဌာနခွဲစာရေးနှင့်အထက် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ပြီး ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိစ္စ ဆွေးနွေးခဲ့ကြပါသည်။