1064

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

(၃၀-၅-၂၀၁၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၆)ကျင်းပရေးလုပ်ငန်းစီမံချက်ပါ ဦးစီးကော်မတီများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် (၁၂)ဦး တက်ရောက်ပါသည်။ အစည်းအဝေးတွင် ကော်မတီအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။