လွှတ်တော်ကော်မတီ၏ လေ့လာစိစစ်သုံးသပ်မှုတစ်ရပ်တွင် အကြံပြုစာများ ရေးသားပေးပို့၍ ပူးပေါင်းပါဝင်ခြင်း (လမ်းညွန်)
ဤစာတမ်းသည် လွှတ်တော်ကော်မတီတစ်ခုမှပြုလုပ်သော ကော်မတီလေ့လာစိစစ်သုံးသပ်မှုတစ်အတွက် အကြံပြုစာတင်သွင်းရာတွင် လိုအပ်သည့်အချက်အများကို အကြံပြုရန်အတွက်ဖြစ်သည်။
လေ့လာစိစစ်သုံးသပ်မှုပြုလုပ်ခြင်းနှင့် ပြန်လည်အစီရင်ခံတင်ပြခြင်းတာဝန်သည် ကော်မတီများ၏ အရေးပါသော လုပ်ငန်းစဉ်များတွင် တစ်ရပ်အပါအဝင်ဖြစ်သည်။ လွှတ်တော်ကော်မတီများ၏ လေ့လာစိစစ်သုံးသပ်မှုပြုလုပ်ခြင်း လုပ်ငန်းစဉ်သည် လွှတ်တော်တစ်ရပ်လုံးလုပ်ငန်းဆောင်တာများအနက်မှတစ်ခုဖြစ်ပြီး အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်သည်။
လေ့လာစိစစ်သုံးသပ်သွားမည့်ကဏ္ဍနယ်ပယ် (ခေါ်) Terms of Reference (ToR)
လေ့လာစိစစ်သုံးသပ်မှုတစ်ခုတိုင်းတွင် လေ့လာစိစစ်သုံးသပ်သွားမည့်ကဏ္ဍနယ်ပယ် (ToR) အား သတ်မှတ် ထားရှိပြီးဖြစ်သည်။ ၎င်းတွင်မည်သည့်ကိစ္စရပ်များကို လေ့လာသွားမည်၊ မည်မှျှထိကျယ်ပြန့်စွာဆောင်ရွက် သွားမည်တို့ကို ထည့်သွင်း ဖေါ်ပြထားပါသည်။
ဘယ်သူတွေ အကြံပြုစာ ပေးပို့နိုင်သလဲ?
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီနှင့် မည်သည့်အဖွဲ့အစည်းမဆို လွှတ်တော်ကော်မတီများထံသို့ အကြံပြုစာများ၊ စာတမ်းများ၊ ToR အချက်များထဲမှ အကျူံးဝင်သောသတင်းအချက်အလက်များအားတင်သွင်းနိုင်ပါသည်။
အကြံပြုစာမှာ ဘာအချက်တွေ ပါသင့်သလဲ?
ပထမဦးဆုံးအနေဖြင့် ကော်မတီမှသတ်မှတ်ထုတ်ပြန်ထားသော လေ့လာစိစစ်သုံးသပ်သွားမည့်ကဏ္ဍနယ်ပယ် (ခေါ်) Terms of Reference (ToR) သေခြာစွာဖတ်ရှုလေ့လာပါ။ ToR တွင်ဖေါ်ပြသတ်မှတ်ထားသော အချက်များထဲမှ မိမိနှင့်သက်ဆိုင်သော (သို့) စိတ်ဝင်စားသော အချက်တစ်ခု/များနှင့်စပ်လျဉ်း သည့်အချက်အလက် များအား ပေးပို့အကြံပြုနိုင်ပါသည်။
ကြံပြုစာတစ်ခုအတွက် သီးသန့်သတ်မှတ်ထားသည့် ပုံစံဟူ၍မရှိပါ။ အကြံပြုစာများအား ပေးစာပုံစံဖြင့်သော် လည်းကောင်း၊ စာတမ်းတို/ရှည်အဖြစ်သော်လည်းကောင်း ရေးသားနိုင်ပါသည်။ သို့ပြင် နောက်ဆက်တွဲများ၊ ပူးတွဲပါစာတမ်းများနှင့် အခြားအထောက်အကူပြု စာတမ်းများလည်းတွဲလျှက်ပါရှိနိုင်ပါသည်။ တင်သွင်းမည့်သူများ အနေဖြင့် မိမိတို့တင်သွင်းမည့် အကြံပြုစာတွင် ToR ပါမေးခွန်းများအား ခေါင်းစဉ်ငယ်များ အဖြစ်ပြန်လည်အသုံးပြု၍ ရေးသားနိုင်ပါသည်။ ထို့ပြင် အကြံပြုစာရှေ့စာမျက်နှာတွင်လည်း အကျဉ်းချုပ်စာပုဒ်အား ထည့်သွင်းရေးသားလေ့ ရှိပါသည်။
အကြံပြုစာများတွင် အချက်အလက်များ၊ ထင်မြင်ယူဆချက်များ၊ အပြုသဘောဝေဖန်ချက်များနှင့် မူဝါဒအသစ် တစ်ရပ် ချမှတ်ရန်အတွက် အကြံပြုချက်များ ပါဝင်နိုင်ပါသည်။
အကြံပြုစာများကို လေ့လာစိစစ်သုံးသပ်မှုအတွက် ဦးတည်၍ ရေးသားရမည်ဖြစ်ပြီး ToR ပါအချက်များနှင့် ကိုက်ညီမှု ရှိရမည် ဖြစ်သည်။ မည်သို့သောအချက်များ၊ ကဏ္ဍများ၊ ခေါင်းစဉ်များ ပါဝင်ရမည်ကို ToR အားဖတ်ရှု၍ လေ့လာ သင့်ပါသည်။ အကယ်၍ အကြံပြုလွှာပါ အချက်များသည် လေ့လာစိစစ်သုံးသပ်မှု၏ ToR ပါအချက်များနှင့် ကိုက်ညီမှုမရှိ ပါက ကော်မတီမှ ယင်းအကြံပြုစာအား လက်ခံစဉ်းစားသွားမည်မဟုတ်ပါ။
အကြံပြုစာများကို မြန်မာဘာသာဖြင့်သာ ရေးသားရမည်ဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်ဘာသာပြန်ဆိုချက် အားလည်း ကော်မတီထံသို့ ပေးပို့နိုင်ပါသည်။
အကြံပြုစာကို ဘယ်လိုပေးပို့တင်သွင်းမလဲ?
အကြံပြုစာများကို သက်ဆိုင်ရာကော်မတီ၏ ကော်မတီတာဝန်ရှိသူထံသို့ ပေးပို့ရမည်။ ပေးပို့ရာတွင် စာတိုက်ဖြင့် သော်လည်းကောင်း၊ E-mail ဖြင့်သော်လည်းကောင်း ပေးပို့တင်သွင်းနိုင်သည်။ ထို့ပြင် ကော်မတီ၏ Facebook account အားလည်း Private Message ပေးပို့ခြင်းဖြင့်လည်း တင်သွင်းနိုင်ပါသည်။ လက်ဖြင့် ရေးသား၍ တင်သွင်း ပါက သပ်ရပ်စွာရေးသားပြီး မိတ္တူကူး၍ ရနိုင်သော အနေအထားဖြင့် တင်သွင်းနိုင်ပါသည်။
တင်သွင်းလာသော အကြံပြုစာ ပုံစံမျိုးစုံတွင် တင်သွင်းသူ၏ လက်မှတ် (သို့) တင်သွင်းသည့် အဖွဲ့အစည်းမှ တာဝန်ခံကိုယ်စားလှယ်၏ လက်မှတ်ပါရှိရပါမည်။ အကယ်၍ အဖွဲ့အစည်းမှ တင်သွင်းပေးပို့သည့် အကြံပြု စာဖြစ် ပါက လက်မှတ်ထိုးသည့် တာဝန်ခံ၏ ရာထူးကိုဖော်ပြထားရှိရပါမည်။
အကြံပြုစာတွင် ရေးသားသူ၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် အား မည်သည့်ပုံစံဖြင့်တင်သွင်းသည်ဖြစ်စေ ထည့်သွင်း ထားရမည် ဖြစ်သည်။
အကြံပြုစာအား ကြေညာထားသည့် ပိတ်သိမ်းရက်မတိုင်မီတွင် တင်သွင်းရမည်ဖြစ်သည်။ အကယ်၍ တင်သွင်းရန် သတ်မှတ်ရက်ထက် နောက်ကျခဲ့ပါလျှင် ကော်မတီမှ ကော်မတီတာဝန်ရှိသူထံသို့ ဆက်သွယ်၍ ထပ်တိုးအချိန်ပို ထပ်မံတောင်းခံနိုင်ပါသည်။
အကြံပြုစာများအား ထုတ်ပြန်ခြင်း (Publication of submissions)
ကော်မတီက အကြံပြုစာတစ်စောင်လက်ခံရရှိပါက ၎င်းစာကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲပြန်လည်တောင်း ယူခြင်း (သို့) ပြင်ဆင်လိုခြင်း ပြုလုပ်နိုင်မည် မဟုတ်ပါ။ ထို့အတူ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများသိအောင် ထုတ်ပြန်ကြေညာခြင်း (သို့) အခြားသူများကို အသိပေးပြသခြင်းများ ပြုလုပ်နိုင်မည်မဟုတ်ပါ။ အကြံပြုစာ တစ်စောင်လက်ခံရရှိပါက ၎င်းစာကို လေ့လာစိစစ်သုံးသပ်မှုအတွက် သက်သေအထောက်အထားအဖြစ် လက်ခံသင့်မခံသင့်ကို ကော်မတီကသုံးသပ်ဆုံးဖြတ်ပါသည်။ ကော်မတီသည် အကြံပြုစာ၏ အစိတ်အပိုင်းအချို့ကို (အများပြည်သူထံ ထုတ်ပြန်ပေးသွားမည့်) အချောသတ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသင့်ကြောင်း ဆုံးဖြတ်နိုင် ပါသည်။
အကြံပြုစာတင်သွင်းသူသည် ၎င်း၏ အကြံပြုစာပါ အစိတ်အပိုင်းအားလုံးကို လျှို့ဝှက်ထားပေးရန် တောင်းဆို နိုင်ပါသည်။ လျှို့ဝှက်ထားစေလိုကြောင်းကို အကြံပြုစာ ရှေ့ဆုံးစာမျက်နှာတွင် ရှင်းလင်းစွာ ဖော်ပြထားရမည် ဖြစ်ပါသည်။
အကြံပြုစာများနှင့် ကြားနာမှုများ (submissions and hearings)
ကြားနာမှုများတွင် ကြားသိရသည့် ပြောစကားသက်သေအထားများကဲ့သို့ပင် အကြံပြုစာများသည်လည်း လေ့လာစိစစ်မှုအတွက် အရေးကြီးသောသက်သေအထောက်အထား အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ထပ်မံသိရှိလိုသော သတင်းအချက်အလက်များ ရရှိနိုင်ရန်နှင့် မေးခွန်းများမေးမြန်းနိုင်ရန်အတွက် အကြံပြုစာ ပေးပို့တင်သွင်းသည့် အချို့သော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများကိုလိုအပ်ပါက ကြားနာမှုသို့ ဖိတ်ခေါ်၍ ဖြေကြားစေပါလိမ့်သည်။
လေ့လာစိစစ်သုံးသပ်မှုတခု၏လုပ်ငန်းစဉ် (inquiry process)
လေ့လာစိစစ်သုံးသပ်မှုများ၏ လုပ်ငန်းစဉ်များသည် အခြေအနေအပေါ်မူတည်၍ တစ်ခုနှင့်တစ်ခု ကွဲပြားကြပါသည်။ သို့သော် ပုံမှန်အားဖြင့် အောက်ပါ အချက်များ ပါဝင်ပါသည်။
(က) ကော်မတီက လေ့လာစိစစ်မှုပြုလုပ်မည်ဖြစ်ကြောင်း အသိပေးကြေညာ၍ လေ့လာစိစစ်မှုပြုလုပ်မည့် ကဏ္ဍနယ်ပယ် (ToR) များကို ထုတ်ပြန်ခြင်း
(ခ) အသိပေးကြေညာပြီးနောက် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီနှင့် အဖွဲ့အစည်းများထံမှ အကြံပြုစာများ တောင်းခံခြင်း
(ဂ) သတ်မှတ်ရက်အတွင်း အကြံပြုစာများ လက်ခံရယူခြင်း
(ဃ) လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီနှင့် အဖွဲ့အစည်းများနှင့် ကော်မတီကြားနာမှုပြုလုပ်ခြင်း
(င) သက်သေအထာက်အထားများကို ကော်မတီက စဉ်းစားသုံးသပ်၍ အစီရင်ခံစာ ပြုစုရေးသားခြင်း
(စ) အစီအရင်ခံစာကို လွှတ်တော်သို့တင်သွင်းခြင်း
အကြံပြုစာ စစ်ဆေးရမည့်စာရင်း (Submission checklist)
အကြံပြုစာကို ပေးပို့ မတင်သွင်းမီ လိုအပ်ချက်များ ပြည့်စုံမှုရှိမရှိကို အောက်ပါစာရင်း (checklist) နှင့် တိုက်၍ စစ်ဆေးသုံးသပ်နိုင်ပါသည်။
- လေ့လာစိစစ်သုံးသပ်မှုပြုလုပ်မည့် ကဏ္ဍနယ်ပယ် (ToR) များ အားလုံးအပေါ် (သို့) အချို့အပေါ် မှတ်ချက်/ သုံးသပ်ချက် ပေးထားရဲ့လား?
- အကြံပြုစာ အကျဉ်းချုပ်ကို ရှေ့ဆုံးစာမျက်နှာမှာ ရေးထားပေးရဲ့လား (ရှည်သော အကြံပြုစာများ အတွက်)?
- လိပ်စာနဲ့ ဆက်သွယ်ရန် အချက်အလက်အသေးစိတ်ကို အကြံပြုစာမှာ ထည့်ရေးပေးရဲ့လား?
- အကြံပြုစာပါ သတင်းအချက်အလက်များကို လျှို့ဝှက်ထားစေလိုကြောင်း ရှေ့ဆုံးစာမျက်နှာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြပေးရဲ့လား (လျှို့ဝှက်ထားစေလိုပါက)?
- အကြံပြုစာကို electronic ဖိုင်အနေနဲ့ ပြင်ဆင်ထားရဲ့လား (ဖြစ်နိုင်ပါက) ?မွန်ပြည်နယ်အတွင်းရှိမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC)ခွင့်ပြုမိန့်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများကိုလေ့လာစိစစ်သုံးသပ်ရာတွင် အောက်ပါမေးခွန်းများကိုအသုံးပြုနိုင်ပါသည်။
လေ့လာစိစစ်သုံးသပ်သွားမည့်ကဏ္ဍနယ်ပယ် (TOR)
၁။ MICခွင့်ပြုမိန့်ချမှတ်ခြင်းလုပ်ငန်းစဉ်များတွင် မည်သို့သောဥပဒေရေးရာစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများကိုအသုံးပြု၍ လုပ်ဆောင်နေပါသနည်း။
၂။ မွန်ပြည်နယ်အတွက် MIC အနေဖြင့် ယနေ့အချိန်အထိစီမံကိန်းမည်မျှကိုခွင့်ပြုခဲ့ပါသနည်း။ မည်မျှကိုအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသနည်း။
၃။ MIC ၏ ခွင့်ပြုချက်မပါဝင်ပဲဆောင်ရွက်ပြီးစီး (သို့) စတင်လုပ်ဆောင်လျှက်ရှိသောစီမံကိန်းများရှိပါ သလား။
၄။ လာရောက်လျှောက်ထားသောစီမံကိန်းအဆိုပြုချက်များအပေါ် ပြည်သူလူထု၏ သဘဘောထား မှတ်ချက် မည်သို့ ရယူပါသနည်း။ ရယူသည့် နည်းလမ်းများသည် ထိရောက်မှုရှိပါသလား။
၅။ ထိုသို့အဆိုပြုလာသောစီမံကိန်းများနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားနှင့် သဘာဝပတ်ဝန်းကျင် အားမည်သို့သောသက်ရောက်မှုများရှိသည်ကိုမည်သည့်နည်းလမ်းများအသုံးပြု၍ လေ့လာသုံးသပ်ပါသနည်း။ ထို့ပြင် အတည်ပြုပြီးနောက်ပိုင်း(သို့) စတင်ပြီးနောက်ပိုင်းတွင် အထက်ပါကဏ္ဍများအပေါ် မည်ကဲ့သို့သော သက်ရောက်မှုများ ဖြစ်စေသည်ကိုမည်သည့်နည်းစနစ်များဖြင့် လေ့လာစောင့်ကြည့်ပါသနည်း။ အဆိုပါ နည်းစနစ်များ၊ နည်းလမ်းများမှာထိရောက်ပါသလား။
၆။ အတည်ပြုပြီး နှင့် အဆိုပြုထားသောစီမံကိန်းများနှင့် ပတ်သက်သည့် မည်သည့်အချက်အလက်များကို ပြည်သူလူထုအားသိရှိစေပါသနည်း။
၇။ အတည်ပြုပြီးသောစီမံကိန်းများဆောင်ရွက်ရာတွင် ခွင့်ပြုအတိုင်းအတာထက် ကျော်လွန်လုပ်ဆောင် ခြင်း ရှိ၊ မရှိကိုမည်သည့်လုပ်ငန်းစဉ်များဖြင့် စိစစ်သုံးသပ်ပါသနည်း။
၈။ စီမံကိန်းများသည် ခွင့်ပြုထားသည့်အတိုင်းအတိုင်ထက် ကျော်လွန်ခြင်း (သို့) ခွင့်ပြုသည်နှင့် မသက်ဆိုင်သောကိစ္စရပ်များလုပ်ဆောင်ခြင်းမျိုးရှိပါသလား။ ရှိခဲ့လျှင် မည်သို့ ဆက်လက်အရေးယူပါနည်း။
၉။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံကိန်းများအတည်ပြုခြင်းကိစ္စရပ်များတွင် အခြားနိုင်ငံများမှအသုံးပြုသော နည်းလမ်းများ၊ ပုံစံများအားသိရှိပါသလား။ (ဥပမာ – အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများ)
၁၀။ MIC ၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်များတိုးတက်စေရန် မည်သို့သောဥပဒေရေးရာစည်းမျဉ်း များ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများကိုပြောင်းလဲမှုများပြုလုပ်သင့်ပါသနည်း။
မွန်ပြည်နယ်အတွင်းရှိမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC)ခွင့်ပြုမိန့်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများကိုလေ့လာစိစစ်သုံးသပ်ရာတွင် အောက်ပါမေးခွန်းများကိုအသုံးပြုနိုင်ပါသည်။