610

၂၀၁၃ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ရက်စဉ်မှတ်တမ်း

၇.၁.၂ဝ၁၃ရက်နေ့      –         ၂၀၁၃ခုနှစ် မွန်ပြည်နယ်ဒေသန္တရစီမံကိန်းဥပဒေကြမ်းကိစ္စ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။

၈.၁.၂ဝ၁၃ရက်နေ့      –         လွှတ်တော်(၂)နှစ်ပြည့် တွေ့ဆုံပွဲကျင်းပရေးအတွက် ဥက္ကဋ္ဌနှင့်ရုံးအဖွဲ့များ  ဆောင်ရွက်ရန် လုပ်ငန်းများဆွေးနွေးခဲ့ကြပါသည်။

၉.၁.၂ဝ၁၃ရက်နေ့     –         သတ္တုကဏ္ဍ ကျောက်လုပ်ငန်းကိစ္စ ၊ သစ်တောကဏ္ဍ   ဒီရေတောများနှင့်  စပ်လျဉ်း၍ ဥပဒေကြမ်း ရေးဆွဲရေးအတွက် ဥပဒေပြုရေးရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

၁၃.၁.၂ဝ၁၃ရက်နေ့     –         လွှတ်တော်ဥက္ကဋ္ဌသည် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် နိုင်ငံခြားသားဧည့်သည် ထိုင်းဝန်ကြီးချုပ်လောင်ချာလစ်အဖွဲ့အား  ပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ တွေ့ဆုံပွဲသို့ တက်ရောက်ပါသည်။

၁၄.၁.၂ဝ၁၃ရက်နေ့     −       လွှတ်တော်ရေးရာကော်မတီများ ပူးပေါင်း ညှိနှိုင်းအစည်းအဝေးတွင် မေးခွန်းကိစ္စ ၊ ရပ် / ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်သည့်ကိစ္စ    မွန်ပြည်နယ်နေ့၊ မွန်အမျိုးသားနေ့ ကျင်းပရေးကိစ္စတို့အား ညှိနှိုင်းဆွေးနွေးပွဲကျင်းပသည်။

၁၉.၁.၂ဝ၁၃ရက်နေ့     –         ဥပဒေရေးရာနှင့် အထွေထွေကိစ္စရပ်များ  လေ့လာဆန်းစစ်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပါသည်။

၂၁.၁.၂ဝ၁၃ရက်နေ့     –         ယစ်မျိုးခွန်ဥပဒေအရအခွန်များကို တိုးမြှင့်ကောက်ခံရာတွင် သတ်မှတ်ထားသည့် နှုန်းထားအတိုင်း  အခွန်ထမ်းဆောင်နေရသည့် လိုင်စင်များနစ်နာပြီး ၊      လိုင်စင်မဲ့တရားမဝင်ရောင်းချနေသော ယစ်မျိုးဆိုင်များအား ရှင်းလင်း ပေးရန်၊ လိုင်စင်စီများကို ကာကွယ်ပေးရန်၊    ဒဂုံဘီယာ ဖြန့်ဖြူးရေး    တာဝန်ခံမှ ဥက္ကဋ္ဌနှင့် လာရောက် တွေ့ဆုံဆွေးနွေးပါသည်။

၃ဝ.၁.၂ဝ၁၃ရက်နေ့     –         မွန်ပြည်နယ်လွှတ်တော်နှင့်    National Enlightment Institute   ဥက္ကဋ္ဌ  ဦးကျော်ဇံဝင်းနှင့်ဂျာမနီအခြေစိုက် KAS အဖွဲ့မှ Miss. Dr. Kerstin Duell နှင့်   တွေ့ဆုံပြီး လွှတ်တော် ရေးရာကိစ္စများ ဆွေးနွေးပွဲ ပြုလုပ်ပါသည်။

၃၁.၁.၂ဝ၁၃ရက်နေ့     –         မွန်ပြည်နယ်လွှတ်တော်(၂)နှစ်ပြည့် တွေ့ဆုံပွဲအခမ်းအနားကို မော်လမြိုင်မြို့၊  ပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊   လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဌေးလွင်   ၊   ပြည်နယ်အစိုးအဖွဲ့ဝင်များ ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဥပဒေချုပ်၊  လွှတ်တော် ကိုယ်စားလှယ်များ၊   နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ရေးရာ ကော်မတီဝင်များ မြို့မိမြို့ဖကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ သတင်းမီဒီယာအဖွဲ့များ တက်ရောက် ခဲ့ကြပြီး လွှတ်တော်ရေးရာ လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခြင်း၊ အကြံပြုချက်များတင်ပြခြင်း ဆောင်ရွက်ခဲ့ပါသည်။ မွန်ပြည်နယ်လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၈၈၊ ဇယား(၂)ပါ ကိစ္စများကို ဥပဒေပြုပြဌာန်းနိုင်ရေး အတွက် ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး / ပြည်နယ် တို့စီမံခန့်ခွဲခွင့်ရှိသည့် လုပ်ငန်းများ  ရှင်းလင်းခြင်း   မရှိသဖြင့် ဥပဒေပြုရေး အခက်အခဲများ   ရှိနေသည်ကိုဆွေးနွေးကြပါသည်။၎င်းကိစ္စကို နိုင်ငံတော်သမ္မတထံ တင်ပြလမ်းညွှန်မှုခံယူရန် သဝဏ်လွှာပေးပို့ပါသည်။

၅.၂.၂ဝ၁၃ရက်နေ့      –         မွန်ပြည်နယ်လွှွတ်တော်နှင့် အမေရိကန်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့   (United State of Insitute of Peace ) ၊  တရားဥပဒေစိုးမိုးရေး   ဌာနမှ   မစ္စလီဟန်မက်ကေးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး လွှတ်တော်ရေးရာကိစ္စများ၊ မွန်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအခြေအနေများ၊ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေးပါသည်။

၁၅.၂.၂ဝ၁၃ရက်နေ့     –         ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့(United State of Institute of Peace)၊ အဖွဲ့မှ ပညာရှင် သုတေသီ(၄)ဦး လာရောက်တွေ့ဆုံ ဆွေးနွေးပါသည်။

၁၆.၂.၂ဝ၁၃ရက်နေ့     –         အမေရိကန်နိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ( United State of Institute of peace)တရားဥပဒေ စိုးမိုးရေး ဌာနသည် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် တရားဥပဒေ စိုးမိုးရေး   ခေါင်းစဉ်ဖြင့်  အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရေးရာ ကော်မတီဝင်များ တက်ရောက်ပါသည်။

၁၇.၂.၂ဝ၁၃ရက်နေ့     –         မော်လမြိုင်မြို့၊  ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌   National Enlightment Instituteမှ ကြီးမှူးကျင်းပသော Regional Development with Electronic Telchnology Stake Holder Workshop အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သည်။ ညနေပိုင်းတွင် Strand Hotel တွင် ( USIP) အဖွဲ့၏ တရားဥပဒေစိုးမိုးရေးအလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့သို့ တက်ရောက်ပါသည်။

၁၈.၂.၂ဝ၁၃ရက်နေ့     –         မွန်ပြည်နယ်လွှတ်တော်အား ဗဟိုပြုပြီး( United State of Institute of Peace )၊  အဖွဲ့မှ Rule of Law ဆွေးနွေးပွဲကျင်းပခဲ့ခြင်း အပေါ် ကျေးဇူးတင်ကြောင်းကို ၎င်းအဖွဲ့ထံ ဥက္ကဋ္ဌမှ စာပို့ပါသည်။

၁၉.၂.၂ဝ၁၃ရက်နေ့     –         ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များအား ဂျာမနီနိုင်ငံ ( Myanmar  Literature Project မှ Dr. Hans , Bernd Zallner  (Lecturer) မှ လာရောက်တွေ့ဆုံပြီး လွှတ်တော် လုပ်ငန်းကိစ္စများ ဆွေးနွေးပါသည်။

၂၃.၂.၂ဝ၁၃ရက်နေ့     –         မွန်ပြည်နယ်လွှတ်တော်သတင်းလွှာများပုံနှိပ်ရန် ရန်ကုန်မြို့ တက်တိုးပုံနှိပ်တိုက်တွင်အပ်နှံခြင်း ဆောင်ရွက်ပါသည်။

၂၆.၂.၂ဝ၁၃ရက်နေ့     –         ဒေါ်ရာရာစိုးနှင့် ဦးဇော်ဝင်းထွန်းတို့  ဇနီးမောင်နံှ အမွေမှု အငြင်းပွားခြင်းနှင့်ပတ်သက်၍ သံဖြူဇရပ်မြို့နယ် ရပ်ကွက်စာရေး ဒေါ်ရာရာစိုးနှင့် တိုင်ကြားသူ ဦးဇော်ဝင်းထွန်း တို့အား တွေ့ဆုံပြီး အခြေအနေများကို ဆွေးနွေးပါသည်။ ဥက္က္ကဋ္ဌအား ဇေယျာမြိုင် ဆွမ်းကြီးလောင်းပွဲပါမစ်ကိစ္စ  ဂေါပကအဖွဲ့မှ   လာရောက် တွေ့ဆုံပြီး ၎င်းတို့   ရပ်ကွက်တွင်    ဘာသာရေးကိစ္စ   ညှိနှိုင်းပေးသင့်သည်များ လာရောက်ဆွေးနွေး ကြပါသည်။  NEI မှ ဦးကျော်ဇံဝင်း Work shop ကိစ္စ လာရောက်တွေ့ဆုံဆွေးနွေးပါသည်။

၂၈.၂.၂ဝ၁၃ရက်နေ့     –         လွှတ်တော်ရုံး   အစည်းအဝေးခန်းမဆောင်တွင် ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီများ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။

၅.၃.၂ဝ၁၃ရက်နေ့      –         ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပသော   မွန်ပြည်နယ်နေ့  ကျင်းပရေး   လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  တက်ရောက်ပါသည်။

၉.၃.၂ဝ၁၃ရက်နေ့      –         ဒေါက်တာခင်မောင်ညို(စာရေးဆရာ)နှင့်ဦးအောင်နိုင်ဦးတို့ ဥက္ကဋ္ဌထံသို့ လာရောက်တွေ့ဆုံပြီး  နယ်မြေအခြေအနေ၊ လွှတ်တော်လုပ်ငန်းအခြေအနေများ ဆွေးနွေးပါသည်။

၁၁.၃.၂ဝ၁၃ရက်နေ့     –         ဥက္ကဋ္ဌ၏ရုံးခန်း၌   ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်  ပဉ္စမပုံမှန်အစည်းအဝေး၌  ဥပဒေ၊ နည်းဥပဒေဖြန့်ဝေရန်ကိစ္စ၊    ရေးရာကော်မတီများ   အသစ်ပြန်လည်   ဖွဲ့စည်းရန်ကိစ္စများ  ဆွေးနွေးပွဲ ကျင်းပသည်။

၁၂.၃.၂ဝ၁၃ရက်နေ့     –         ဥက္ကဋ္ဌနှင့် အဖွဲ့သည်   မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင်   မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ရှိနိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပသည်။

၁၆.၃.၂ဝ၁၃ရက်နေ့     –         လွှတ်တော်ရေးရာကော်မတီများ ပူးပေါင်းအစည်းအဝေးပြုလုပ်ပြီး ၊ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဥပဒေကြမ်းနှင့်ဇာတ်ရုံများကြီးကြပ်ရေးဆိုင်ရာဥပဒေကြမ်းများ ဆွေးနွေးပါသည်။

၁၈.၃.၂ဝ၁၃ရက်နေ့     –         (၀၉း၀၀)အချိန်   မော်လမြိုင်မြို့၊   ပြည်နယ်ခန်းမ၌   ကျင်းပပြုလုပ်သည့်   (၃၉)နှစ်မြောက်မွန်ပြည်နယ်နေ့   အထိမ်းအမှတ်ဌာနဆိုင်ရာ ပြခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

၁၉.၃.၂ဝ၁၃ရက်နေ့     –         (၃၉)   နှစ်မြောက်     မွန်ပြည်နယ်နေ့   အထိမ်းအမှတ်အဖြစ်၊   သာသနာ့ဗိမာန်တော်တွင် သံဃာတော် (၉)ပါးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး၊ ပြည်နယ်ခန်းမတွင် မွန်ပြည်နယ်နေ့အခမ်းအနားကို ကျင်းပပါသည်။ ယင်းအခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက သဘာပတိအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ အခမ်းအနားမှူးအဖြစ် ဦးမင်းမြင့်မောင်လေးက (မွန်ဘာသာ) ၊ ဒေါ်အေးစုစုထွေးက ( မြန်မာဘာသာ ) ဆောင်ရွက်ပါသည်။ ဦးမင်းမြင့်မောင်လေးနှင့်ဦးမင်းမောင်မွန်တို့ကစာတမ်းနှင့်စာစောင်ကို မွန်/ မြန်မာ နှစ်ဘာသာဖြင့် ဖတ်ကြား တင်ပြပါသည်။

၂ဝ.၃.၂ဝ၁၃ရက်နေ့     –         ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ နှင့်ကြိုတင်ညှိနှိုင်းအစည်းအဝေး ကျင်းပြုလုပ်ပါသည်။

၂၁.၃.၂ဝ၁၃ရက်နေ့     –         (ရုံးအဖွဲ့များနှင့်အစည်းအဝေး)၊ အစည်းအဝေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပါသည်။

၂၂.၃.၂ဝ၁၃ရက်နေ့     –         (ရုံးအဖွဲ့များနှင့်အစည်းအဝေး)၊ အစည်းအဝေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပါသည်။

၂၅.၃.၂ဝ၁၃ရက်နေ့     –         (ရုံးအဖွဲ့များ နှင့် အစည်းအဝေး) ၊ အစည်းအဝေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိစ္စ ဆွေးနွေးပါသည်။  မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (နေပြည်တော်) သို့သွားရောက်ရန်ကိစ္စ ဆွေးနွေးပါသည်။

၂၈.၃.၂ဝ၁၃ရက်နေ့     –         (ရုံးအဖွဲ့နှင့်အစည်းအဝေး)၊ ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးကျင်းပရန်    နောက်ခံစာတမ်းကိစ္စ၊   PA System (မိုက်/အသံ) ကိစ္စ၊ ဘတ်ဂျက်ကိစ္စ ဆွေးနွေးပါသည်။

၂၉.၃.၂ဝ၁၃ရက်နေ့     –         ရေးရာကော်မတီညှိနှိုင်းအစည်းအဝေး ၊ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်   ပဉ္စမပုံမှန်အစည်းအဝေးကိစ္စ ဆွေးနွေးပါသည်။

၁.၄.၂ဝ၁၃ရက်နေ့      –         (ရုံးအဖွဲ့နှင့်အစည်းအဝေး)၊ အခမ်းအနားအစီအစဉ် အချောသတ်ပြင်ဆင်ရန်ကိစ္စ၊ ဥပဒေများ ဖြန့်ဝေရန်ကိစ္စ၊ အဆို၊ မေးခွန်းများဖြန့်ဝေရန်ကိစ္စ ဆွေးနွေးပါသည်။

၂.၄.၂ဝ၁၃ရက်နေ့      –         (ရုံးအဖွဲ့နှင့်အစည်းအဝေး)၊ ကိုယ်စားလှယ်စရိတ်ငွေများကိစ္စ၊ ယာဉ်ဝင်ခွင့်ကိစ္စ၊လုံခြုံရေးကတ်ကိစ္စ ဆွေးနွေးပါသည်။

၃.၄.၂ဝ၁၃ရက်နေ့      –         ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ပထမနေ့)စတင်ကျင်းပပါသည်။ အစည်းအဝေးတွင်  မေးခွန်း(၁၄)ခု  မေးမြန်းခြင်း၊     နိုင်ငံတော်သမ္မတသဝဏ်လွှာဖတ်ကြား တင်ပြခြင်း၊တင်ပြချက်(၅)ခုတင်ပြခြင်း၊ကတိသစ္စာမပြုရသောာတပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်မှ ကတိသစ္စာပြုခြင်း။ အဆို(၄)ခု တင်သွင်းခြင်း-

(က)    ဦးစိန်မြင့်(ကျိုက်ထို-၂)၏ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အဆင့်မြှင့်တင် ရေး နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကူညီ ဆောင်ရွက်ပေးရေးအဆို၊

(ခ)     ဦးသိန်းဇော်(သထုံ-၂)၏    ကျေးရွာမီးလင်းရေးကိစ္စတွင် ပြည်နယ်အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ရေးအဆို၊

(ဂ)     ဦးအောင်နိုင်ဦး(ချောင်းဆုံ-၁) ပြည်နယ်ဘဏ္ဍာရန်ပုံငွေဥပဒေရေးဆွဲ နိုင်ရေးအဆို၊

(ဃ)    ဦးမင်းသိန်းဟန်(ရေး-၂)၏ မွန်ပြည်နယ်တရားဥပဒေစိုးမိုးရေး ပိုမိုခိုင်မာစေရန်ဥပဒေ ပညာပေးဟောပြောပွဲများကို အဖွဲ့ ဖွဲ့၍ စနစ်တကျဆောင်ရွက်ရန်အဆို။

 ဥပဒေကြမ်း(၄)ခုတင်သွင်းခြင်း –

(က)    ၂ဝ၁၃-၂ဝ၁၄ ခု၊ ဘဏ္ဍာရေးနှစ်  ဘဏ္ဍာငွေ အရ/အသုံးအဆိုင်ရာ ဥပဒေကြမ်း၊

(ခ)     ၂ဝ၁၃-၂ဝ၁၄ ခု၊ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း ၊

(ဂ)     မွန်ပြည်နယ်မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဥပဒေကြမ်း၊

(ဃ)          မွန်ပြည်နယ်ဇာတ်ရုံများကြီးကြပ်ရေးဆိုင်ရာဥပဒေကြမ်း။

 ၄.၄.၂ဝ၁၃ရက်နေ့      –         ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ဆက်လက်ကျင်းပပါသည်။  အစည်းအဝေးတွင် မေးခွန်း(၁၂)ခု   မေးမြန်းခြင်း၊ တင်ပြချက်တစ်ခု တင်ပြခြင်း၊ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေများ တင်ပြခြင်းနှင့် အတည်ပြုခြင်း၊ အစည်းအဝေးတွင် ကျေးရွာနယ်နိမိတ်အတွင်း လယ်ယာမြေအမည်ပေါက်များကိုလယ်ယာမြေ ဥပဒေပုဒ်မ ၃(က)အရ လယ်ယာမြေအဖြစ်မှ ရပ်ကွက်/ ကျေးရွာမြေများအဖြစ် ပြောင်းလဲရေး ဆောင်ရွက်ရန်အဆိုကို ဦးလှထွန်း(ကျိုက်မရော – ၂) မှ ထပ်မံရှင်းလင်း တင်ပြခဲ့ပါသည်။  အစည်းအဝေးပထမနေ့က  တင်သွင်းခဲ့သည့် ဥပဒေများကို ဥပဒေပြုရေးကော်မတီမှစိစစ်တင်ပြခြင်း၊  အဆို(၄)ခုကိုလည်း လွှတ်တော်၏      အဆုံးအဖြတ်ရယူခဲ့ရာ   အဆို(၃)ခု အတည်ပြုခဲ့ပြီး ဦးသိန်းဇော်(သထုံ၂)၏ကျေးရွာမီးလင်းရေးကိစ္စတွင် ပြည်နယ်အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ရေးအဆို အတည်မဖြစ်ခဲ့ပါ။

၅.၄.၂ဝ၁၃ရက်နေ့      –         လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး     (တတိယနေ့) ကို   ဆက်လက် ကျင်းပပါသည်။ အစည်းအဝေးတွင် မေးခွန်း(၁၂)ခု မေးမြန်းခြင်း၊ အစည်းအဝေးတွင် တင်သွင်းထားသည့် ဥပဒေကြမ်း(၄)ခု အတည်ပြုခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

၆.၄.၂ဝ၁၃ရက်နေ့      –         မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ်တွင် မွန်ပြည်နယ်အခြေစိုက်လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး   အဖွဲ့အစည်းဖြစ်သည့် NEI မှစီစဉ်သည့်   ” ပြည်နယ်လွှတ်တော် လုပ်ငန်းများ အောင်မြင်စွာ   ဆောင်ရွက်ခြင်းဖြင့်  ဗဟိုချုပ်ကိုင်မှုလျော့ချကာ    ဒေသဖွံ့ဖြိုး တိုးတက်ရေးဆီသို့ ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သော အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက် သည်။    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မွန်/ကရင်ပြည်နယ်မှ  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊   နိုင်ငံရေးပါတီများ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ တက်ရောက် ပါသည်။

၈.၄.၂ဝ၁၃ရက်နေ့      –         ဥက္ကဋ္ဌအား နယ်သာလန်နိုင်ငံမှ နိုင်ငံခြားသားတစ်ဦးလာရောက်တွေ့ဆုံပါသည်။

၉.၄.၂ဝ၁၃ရက်နေ့      –         ( ရုံးအဖွဲ့နှင့် အစည်းအဝေး ) ၊ ရန်ပုံငွေကြီးကြပ်သူအရာရှိနှင့် ငွေထုတ်သူ အရာရှိများတာဝန်ပေးအပ်ရန်ကိစ္စ ဆွေးနွေးပါသည်။

၁ဝ.၄.၂ဝ၁၃ရက်နေ့     –         ဥက္ကဋ္ဌသည် ထွေ/အုပ် ဒုညွှန်နှင့် ရသုံးညွှန်မှူးတို့အား ခေါ်ယူတွေ့ဆုံ၍   ရန်ပုံငွေကြီးကြပ်သူအရာရှိနှင့် ငွေထုတ်သူအရာရှိများ တာဝန်ပေးအပ်ရန်ကိစ္စ ဆွေးနွေးညှိနှိုင်းပါသည်။  သင်္ကြန်ရုံးပိတ်ရက် ၁၂-၄-၂ဝ၁၃ ရက်နေ့မှ ၂၁-၄-၂ဝ၁၃ ရက်နေ့ထိ။

၂၂.၄.၂ဝ၁၃ရက်နေ့     –         ဥက္ကဋ္ဌသည် အောင်ဆန်းခန်းမ၌ အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ကက်ဘိနက်)တက်ရောက်ပါသည်။

၂၄. ၄.၂၀၁၃ရက်နေ့    –         ဥက္ကဋ္ဌသည် မော်လမြိုင်ြမို့၊   ငွေမိုးဟိုတယ်၌ ပြုလုပ်သည့်   ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းဆွေးနွေးပွဲသို့ တက်ရောက်သည်။

၂၅.၄. ၂၀၁၃မှ၂၆.၄.၂၀၁၃ရက်နေ့အထိ   –         ရေးမြို့နယ်နှင့် လမိုင်းမြို့နယ်ခွဲသို့  သွားရောက်ပြီး၊   မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပါတီအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊  ရပ်ကွက် /ကျေးရွာ   အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့နယ်စီးပွားရေး၊ လူမှုရေး ကိစ္စရပ်များကို ဆွေးနွေးပါသည်။

၃၀.၄.၂၀၁၃ရက်နေ့     –         မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။

၉.၅.၂ဝ၁၃ရက်နေ့      –         လွှတ်တော်ရုံး   အစည်းအဝေးခန်းမဆောင်၌ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ   မြှင့်တင်ရေးနှင့်ဆက်စပ်ပြီး (UNDP)၊ ကုလသမဂ္ဂငွေကြေးရန်ပုံငွေအဖွဲ့ (UNDP)၊မှကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပါသည်။ မွန်ပြည်နယ် လွှတ်တော်ရုံး တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်   မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းစီမံချက်၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ ( Local Governance Programe) မြှင့်တင်ရေးနှင့် ဆက်စပ်ပြီး (UNDP) နှင့် ကုလသမဂ္ဂငွေကြေးအရင်းအနှီးဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ အဖွဲ့ (UNCDF)မှ ကျွမ်းကျင်ပညာရှင်အဖွဲ့နှင့်တွေ့ဆုံ ဆွေးနွေးပါသည်။

၁၃.၅.၂၀၁၃ရက်နေ့      –       ကုန်တင်ကုန်ချ      နည်းဥပဒေရေးဆွဲရန်၊       ပြည်နယ်လွှတ်တော်   ကိုယ်စားလှယ်များနှင့်သက်ဆိုင်သည့် ဌာနမှ တာဝန်ခံများ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပါသည်။

၁၈.၅.၂ဝ၁၃ရက်နေ့     –         ဥက္ကဋ္ဌသည် မော်လမြိုင်မြို့ (Strand Hotel) ၌ ကျင်းပပြုလုပ်သော အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပါသည်။

၂၁.၅.၂၀၁၃ရက်နေ့     –         မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည်  မော်လမြိုင် တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌  ကျင်းပပြုလုပ်သည့်  ၂၀၁၃ခုနှစ်၊  အမျိုးသားပညာရည်မြင့်မားရေး   (အဆင့်မြှင့်)   ကဏ္ဍနှီးနှော ဖလှယ်ပွဲသို့ တက်ရောက်ပါသည်။

၂၅.၅.၂ဝ၁၃ရက်နေ့     –         ဥက္ကဋ္ဌသည် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပါသည်။

၂၉.၅.၂ဝ၁၃ရက်နေ့     –         ဥက္ကဋ္ဌသည် နော်ဝေနိုင်ငံမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လက်ခံတွေ့ဆုံပါသည်။

၃၁.၅.၂ဝ၁၃ရက်နေ့     –         ပြည်နယ်လွှတ်တော်ရေးရာကော်မတီများပူးပေါင်းအစည်းအဝေးကျင်းပပြုလုပ်ပါသည်။

၆.၆.၂၀၁၃ရက်နေ့      –         ဥက္ကဋ္ဌသည် မွန်ပြည်နယ်အစိုးရအဖွဲ့အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

၈.၆.၂ဝ၁၃ရက်နေ့      –         ရုံးအဖွဲ့နှင့်အစည်းအဝေး ပြုလုပ်ပါသည်။

၉.၆.၂ဝ၁၃ရက်နေ့      –         ရုံးအဖွဲ့နှင့်အစည်းအဝေး ပြုလုပ်ပါသည်။

၁၅.၆.၂ဝ၁၃ရက်နေ့     –         ဥက္ကဋ္ဌသည် ပြည်နယ်အစိုးရအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးသို့တက်ရောက်ပါသည်။

၁၆.၆.၂၀၁၃ရက်နေ့     –         ဥက္ကဋ္ဌသည် ချောင်းဆုံမြို့နယ်သို့သွားရောက်ပြီး ကျွန်းသာယာခန်းမတွင် ဒီရေတောထိန်းသိမ်းကာကွယ်ရေးနှင့် ဥပဒေရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးပါသည်။

၁၇.၆.၂ဝ၁၃ရက်နေ့     –         ဥက္ကဋ္ဌအား ဂျာမနီနိုင်ငံ DW(Deutsche Welle) မှ ပရောဂျက်မန်နေဂျာ Andreas Grigo သည် သံလွင်တိုင်းဂျာနယ်မှ တာဝန်ရှိသူတစ်ဦးနှင့် အတူလာရောက်တွေ့ဆုံပြီး သတင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကိုဆွေးနွေးပါသည်။ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ဂျာမနီနိုင်ငံမှ  DW(Deutsche Welle)မှ ပရိုဂျက် မန်နေဂျာ Andreas Grigo နှင့် သံလွင်တိုင်းမီဒီယာတို့မှ လာရောက်တွေ့ဆုံပြီး သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပါသည်။

၁၈.၆.၂ဝ၁၃ရက်နေ့     –         ဥက္ကဋ္ဌသည် မွန်စာပေသင်ကြားရေးနှင့် ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူး နှင့် တွေ့ဆုံဆွေးနွေးပါသည်။

၁၉.၆.၂ဝ၁၃ရက်နေ့     –         (ဥပဒေရေးရာအစည်းအဝေး) ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေကိစ္စ ဆွေးနွေးပါသည်။

၂၁.၆.၂ဝ၁၃ရက်နေ့     –         ရေယာဉ်ဥပဒေကြမ်း ကိစ္စ   ၊    ရေယာဉ် စိစစ်ရေးကြီးကြပ်မှု   ကော်မတီဖွဲ့ရန်ကိစ္စ တပ်မတော်သားကိုယ်စားလှယ်များ နေ့တွက်ကိစ္စ၊     ကွန်ပျူတာအသင်းဖွဲ့စည်းမှုကိစ္စ ဆွေးနွေးပါသည်။

၂၈.၆.၂ဝ၁၃ရက်နေ့     –         ရေးရာကော်မတီများပူးပေါင်းညှိနှိုင်းအစည်းအဝေးကျင်းပပါသည်။

၁.၇.၂ဝ၁၃ရက်နေ့      –         ဥက္ကဋ္ဌသည်မော်လမြိုင်မြို့၊ Strand Hotel ၌ (USIP) မှ ဦးဆောင်ကျင်းပသော (Rule of Law Center) အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပါသည်။

၈.၇.၂၀၁၃ရက်နေ့      –         မွန်ပြည်နယ် ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး   ဥပဒေကြမ်းပြုစုခြင်းကို ရေးရာကော်မတီများနှင့်  ညှိနှိုင်းဆွေးနွေးပါသည်။

၁ဝ.၇.၂ဝ၁၃ရက်နေ့     –         ပြည်နယ်ရသုံးဦးစီးဌာနမှ ညွှန်မှူးနှင့်တွေ့ဆုံပါသည်။

၁၄.၇.၂ဝ၁၃ရက်နေ့     –         ရေးရာကော်မတီများပူးပေါင်းညှိနှိုင်းအစည်းအဝေး ကျင်းပပါသည်။

၂၃.၇.၂ဝ၁၃ရက်နေ့     –         မွန်ပြည်နယ်ထင်းစိုက်ခင်းဥပဒေ၊ ပုဂ္ဂလိကပိုင်ရေယာဉ်စနစ် တကျပြေးဆွဲရေး ဥပဒေမူကြမ်း ဆွေးနွေးပါသည်။

၂၆.၇.၂ဝ၁၃ရက်နေ့     –         ဥက္ကဋ္ဌရုံးခန်း၌ ညှိနှိုင်းအစည်းအဝေး ကျင်းပပါသည်။

၃၀.၇.၂ဝ၁၃မှ၁.၈.၂၀၁၃ရက်နေ့အထိ    –         ဥက္ကဋ္ဌသည်  မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ     အဖွဲ့အစည်းအဝေးသို့   တက်ရောက်ရန် နေပြည်တော်သို့ သွားပါသည်။

၂.၈.၂ဝ၁၃ရက်နေ့       –         ဗြိတိန်နိုင်ငံအောက်လွှတ်တော်   ဥက္ကဋ္ဌ H.E Mr. John Bercow ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်    မွန်ပြည်နယ်လွှတ်တော်သို့ ရောက်ရှိလာပြီး    မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊    ဒုတိယဥက္ကဋ္ဌ၊    လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရေးရာ ကော်မတီဝင်များတို့နှင့် တွေ့ဆုံခဲ့ပြီး ဥပဒေပြုရေးကိစ္စများ၊ လွှတ်တော်ရေးရာလုပ်ငန်းများ၊   လွှတ်တော်နှင်     အစိုးရအဖွဲ့အကြား ထိန်းညှိ   ထိန်းကျောင်းခြင်း     ဆိုင်ရာလုပ်ငန်းများ အခြေအနေနှင့် လွှတ်တော်နှင့်     ပညာရေး၊   လွှတ်တော်နှင့် လူငယ်စသည့်   ကိစ္စများ ဆွေးနွေးခဲ့သည်။

၄.၈.၂ဝ၁၃ရက်နေ့       –         ဥက္ကဋ္ဌသည်မော်လမြိုင်မြို့ Strand Hotel ၌ မြန်မာဒီမိုကရက်တစ်  လိုင်ဇေးရှင်းမှ ဦးဆောင်ကျင်းပသော (Regional    Programme Palitical  Dialogue    with   Asia) အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ပါသည်။

၇.၈.၂ဝ၁၃ရက်နေ့       –         လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ပါသည်။

၉.၈.၂၀၁၃ရက်နေ့       –         ဥက္ကဋ္ဌသည်  ဘီးလင်းမြို့နယ်သို့  သွားရောက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊   နိုင်ငံရေးပါတီများ၊   ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး၊  လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို ဆွေးနွေးပါသည်။

၁၀.၈.၂၀၁၃ရက်နေ့      –         ဥက္ကဋ္ဌသည် ချောင်းဆုံမြို့နယ် ကော့မုပွန် ကျွန်းသာယာဆိပ်ကမ်းတွင် ကူးတို့လုပ်သားများ၊ ရပ်မိရပ်ဖများ မြို့နယ်စီမံကော်မတီများနှင့်  တွေ့ဆုံပြီး၊  သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

၁၃.၈.၂ဝ၁၃ရက်နေ့      –         ဥက္ကဋ္ဌသည်    အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ   ဦးမြညိမ်း     ဦးဆောင်သော သဘာဝဘေးအန္တရာယ် ဒုက္ခသည်များ     ကူညီစောင့်ရှောက်ရေးကော်မတီဝင်များ    မွန်ပြည်နယ်သို့   လာရောက်ပြီး ရေလွှမ်းမိုးခြင်းခံရသော မြို့နယ်များအား  ထောက်ပံ့ရေးအတွက် အလှူငွေ ပေးအပ်ခဲ့သည့် အခမ်းအနားသို့ တက်ရောက်ပါသည်။

၂၁.၈.၂ဝ၁၃ရက်နေ့      –         မွန်ပြည်နယ်လွှတ်တော်ရုံးတွင်    ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့  ယူနီဆက်အဖွဲ့နှင့်မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးသည်။

၂၂.၈.၂ဝ၁၃ရက်နေ့      –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေမူကြမ်း) ပြုလုပ်ပါသည်။

၂၄.၈.၂၀၁၃ရက်နေ့      –         ဥကဋ္ဌသည် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းတက်ရောက်ရန် နေပြည်တော်သို့ သွားပါသည်။

၂၅.၈.၂ဝ၁၃မှ၂၆.၈.၂ဝ၁၃ရက်နေ့ အထိ  –         ဥက္ကဋ္ဌသည်မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့အစည်းအဝေးတက်ရောက်ပါသည်။

၂၉.၈.၂ဝ၁၃ရက်နေ့      –         ပြည်နယ်လွှတ်တော်   ဥက္က္ကဋ္ဌ မှ  မော်လမြိုင်မြို့  Strand Hotel ၌ ကျင်းပပြုလုပ်သော European Union, Delegation of European Union   Minister Counsellor, Alistair MACDONALD, EU Good Governance and Civil SocietyVACLAVSVEJDA အဖွဲ့နှင့် ဒေသတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စုအဆင့်၊   ပြည်နယ်အဆင့် ထိတွေ့ဆက်ဆံ     ဆက်သွယ်ဆောင်ရွက်မှု စီးပွားရေးအခြေခံနှင့်   အလားအလာများ အပြန်အလှန်ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ပါသည်။

၃ဝ.၈.၂ဝ၁၃ရက်နေ့      –         ရေးရာကော်မတီများညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ပါသည်။

၁.၉.၂၀၁၃ရက်နေ့       –         ဥက္ကဋ္ဌသည်    ချောင်းဆုံမြို့နယ်သို့  သွားရောက်ပြီး ကမာကေး အထက်တန်းကျောင်းတွင် ကမာကေး၊ ကွမ်လှာ၊  မုရစ်ကလေး၊  အဘစ်နှီးမှုတ် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး  ကျေးရွာများ၏ စီးပွားရေး၊ လူမှုရေး၊  ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို ဆွေးနွေးပါသည်။

၂.၉.၂၀၁၃မှ၄.၉.၂၀၁၃ရက်နေ့ အထိ      –         ဥက္ကဋ္ဌသည် မွန်ပြည်နယ်ဌာနဆိုင်ရာများဖြစ်သည့် ၊    ရေအရင်းအမြစ်၊   ဆောက်လုပ်ရေး၊ အိုးအိမ်ဦးစီးဌာန၊  တရားရေးဦးစီး၊ စိုက်ပျိုးရေး၊ အား/ကာ၊  ဆားလုပ်ငန်း၊  သမဝါယမနှင့်အခြားဌာနဆိုင်ရာများ၏ ဘတ်ဂျက်ကိစ္စများကို စိစစ်ဆောင်ရွက်ပါသည်။

၇.၉.၂၀၁၃ရက်နေ့    –         ဥက္ကဋ္ဌသည်      မွန်ပြည်နယ်ဆားထုတ်လုပ်ဖြန့်ဖြူးရေးဥပဒေရေးဆွဲရန်  လွှတ်တော်ကိုယ်စားလှယ်များ၊   ဆားလုပ်ငန်းဦးစီးဌာနမှ   အငြိမ်းစား ဝန်ထမ်းများဖြစ်သည့် ဦးဖိုးစန်း၊ ဦးလွန်းငွေ၊ ဦးဝင်းသိန်းနှင့် ဆားထုတ်လုပ်သူများအား တွေ့ဆုံဆွေးနွေးပါသည်။

၁ဝ.၉.၂ဝ၁၃ရက်နေ့      –         မော်လမြိုင်မြို့၊ ကမ်းနားလမ်း Strand Hotel  ၌ ကျင်းပပြုလုပ်သော (Myanmar Lighting Co.Ltd) နှင့် (Asia TEC Emgery Co. Ltd) တို့၏ စက်မှာဝယ်ယူတပ်ဆင်သည့် သဘောတူ စာချုပ်ချုပ်ဆိုပွဲသို့ တက်ရောက်ပါသည်။

၁၂.၉.၂၀၁၃မှ၁၆.၉.၂၀၁၃ရက်နေ့အထိ     –         ဥက္ကဋ္ဌသည် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းအဝေးနှင့်   အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား တက်ရောက်ရန် နေပြည်တော်သို့ သွားရောက်ပါသည်။

၁၇.၉.၂ဝ၁၃ရက်နေ့      –         ဥက္ကဋ္ဌသည် ပြည်နယ်လွှတ်တော်   ကိုယ်စားလှယ်များ၊    ပြည်နယ်ရုံးအဖွဲ့နှင့် တွေ့ဆုံပြီး မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ကျင်းပရေးကိစ္စ ပြည်နယ်လွှတ်တော် နည်းဥပဒေ ရေး ဆွဲရေးကိစ္စ၊  ဝန်ထမ်းဖွဲ့စည်းပုံကိစ္စများနှင့်  လွှတ်တော်အစည်းအဝေးတွင် တင်ပြမည့် အဆိုများ၊ မေးခွန်းများကိစ္စကို ညှိနှိုင်းဆွေးနွေးပါသည်။

၁၈.၉.၂ဝ၁၃ရက်နေ့      –         ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပပါသည်။

၁၉.၉.၂ဝ၁၃ရက်နေ့      –         ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပပါသည်။

၂ဝ.၉.၂ဝ၁၃ရက်နေ့      –         ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပပါသည်။

၂၁.၉.၂ဝ၁၃ရက်နေ့      –         ဥက္ကဋ္ဌသည်   မော်လမြိုင်မြို့    Strand Hotel ၌     ကျင်းပပြုသော   အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားသို့ တက်ရောက်ပါသည်။

၂၈.၉.၂၀၁၃ရက်နေ့      –         ဥက္ကဋ္ဌသည် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော မွန်အမျိုးသား ကွန်ဖရင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

၃၀.၉.၂၀၁၃ရက်နေ့      –         ဥက္ကဋ္ဌသည် မွန်ပြည်နယ်လွှတ်တော် နည်းဥပဒေစိစစ်ခြင်းနှင့် မွန်ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီညှိနှိုင်းအစည်းအဝေးသို့ ကျင်းပပြုလုပ်ပါသည်။

၁၁.၁ဝ.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး(မွန်ပြည်နယ်လွှတ်တော်နည်းဥပဒေ) ပြုလုပ်ပါသည်။ ဥက္ကဋ္ဌသည် မော်လမြိုင်မြို့(Strand Hotel) ၌ ကျင်းပပြုလုပ်သော အပြည်အပြည်ဆိုင်ရာသဘာဝဘေးများလျော့ပေါ့ရေးဆွေးနွေးပွဲသို့ တက်ရောက်သည်။

၁၄.၁ဝ.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး(ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေးဥပဒေမူကြမ်း) ပြုလုပ်ပါသည်။

၁၅.၁ဝ.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး(မွန်ပြည်နယ်လွှတ်တော်နည်းဥပဒေ) ပြုလုပ်ပါသည်။

၁၇.၁ဝ.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး(မွန်ပြည်နယ်လွှတ်တော်နည်းဥပဒေ) ပြုလုပ်ပါသည်။

၁၈.၁ဝ.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး(မွန်ပြည်နယ်လွှတ်တော်နည်းဥပဒေ) ပြုလုပ်ပါသည်။

၂၂.၁ဝ.၂ဝ၁၃ရက်နေ့    –         ပြည်သူ့လွှတ်တော်   ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ  ဦးသူရိန်ဇော်၊   အတွင်းရေးမှူး ဦးမောင်တို့အား ဖိတ်ကြားပြီး မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် မွန်ပြည်နယ် ဌာနဆိုင်ရာမှ  ငွေစာရင်းတာဝန်ခံများကို    ငွေစာရင်းဆိုင်ရာသိကောင်းစရာများ   ရှင်းလင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၃.၁ဝ.၂ဝ၁၃ရက်နေ့    –         မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌   ကျင်းပပြုလုပ်သော   ရာဘာလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့  တက်ရောက်ပါသည်။

၂၉.၁ဝ.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာ အစည်းအဝေး (ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးဥပဒေမူကြမ်း) ပြုလုပ်ပါသည်။

 ၃ဝ.၁ဝ.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး     ( မြေသြဇာများစနစ်တကျ ထုတ်လုပ်သုံးစွဲရေး ဥပဒေမူကြမ်း ) ပြုလုပ်ပါသည်။

၁.၁၁.၂၀၁၃ရက်နေ့      –         ဥက္ကဋ္ဌသည် ချောင်းဆုံမြို့နယ်သို့ သွားရောက်ပြီး မြို့နယ်စီမံကော်မတီ၊  အထောက်အကူပြုကော်မတီ၊  ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးပါသည်။

၂.၁၁.၂၀၁၃ရက်နေ့      –         ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး( ၁/၂၀၁၃) ကျင်းပရေးအတွက်  လိုအပ်သည့် ကိစ္စများကို ညှိနှိုင်းဆွေးနွေးပါသည်။

၄.၁၁.၂၀၁၃ရက်နေ့      –         ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး ကျင်းပပြုလုပ်သည်။

၆.၁၁.၂၀၁၃ရက်နေ့      –         ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး ကျင်းပပြုလုပ်သည်။

၁၁.၁၁၂၀၁၃မှ၁၄.၁၁.၂၀၁၃ရက်နေ့ အထိ    –         ဥက္ကဋ္ဌသည် နေပြည်တော်တွင် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) အစည်းအဝေး  တက်ရောက်ရန် သွားရောက်ပြီး အစည်းအဝေးတက်ရောက်ပါသည်။

၁၂.၁၁.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး (မြေသြဇာများစနစ်တကျထုတ်လုပ်သုံးစွဲရေးဥပဒေမူကြမ်း)ပြုလုပ်ပါသည်။

၁၅.၁၁.၂ဝ၁၃ရက်နေ့    –         ရေးရာကော်မတီများပူးပေါင်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ပါသည်။

၁၈.၁၁.၂၀၁၃ရက်နေ့    –         သံတော်ဆင့်ဂျာနယ်ဒုတိယအယ်ဒီတာချုပ်    ဦးအံ့မင်းခေါင်သည် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီး အင်တာဗျူးပြုလုပ်ပါသည်။

၁၉.၁၁.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး(ဆားလုပ်ငန်းဥပဒေမူကြမ်း) ပြုလုပ်ပါသည်။

၂၅.၁၁.၂၀၁၃ရက်နေ့    –         ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ်ဘတ်ဂျက်ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊   ရသုံးမှန်းခြေပြည်နယ်မှူးနှင့်     မြန်မာ့စီးပွားရေးဘဏ်   မန်နေဂျာတို့ တွေ့ဆုံဆွေးနွေးပါသည်။

၂၆.၁၁.၂၀၁၃ရက်နေ့    –         မွန်ပြည်နယ်လွှတ်တော်ရုံးတွင်   ပြည်ထောင်စု ပြည်သူ့ငွေစာရင်း   ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်နှင့်   အတွင်းရေးမှူး   ဦးမောင်တိုးတို့က   ငွေစာရင်းဆိုင်ရာကိစ္စ နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်   ကိုယ်စားလှယ်များ၊ ပြည်နယ်   အဆင့်ဌာနဆိုင်ရာများကို  ရှင်းလင်းဆွေးနွေးပါသည်။

၂၈.၁၁.၂ဝ၁၃ရက်နေ့    –         မွန်ပြည်နယ်လွှတ်တော်ရုံး၌    မွန်ပြည်နယ်ကျန်းမာရေး   ဦးစီးဌာနမှူး   ( အငြိမ်းစား ) ဒေါက်တာအောင်မြင့်နှင့် ဂျပန်ဘာသာအဖွဲ့နှင့်တွေ့ဆုံပြီး မြန်မာ့ရေလုပ်ငန်းဆိုင်ရာလုပ်ငန်း များ ဆွေးနွေးပါသည်။

၂၉.၁၁.၂ဝ၁၃ရက်နေ့    –         ရေးရာကော်မတီများ ပူးပေါင်းအစည်းအဝေး ကျင်းပပြုလုပ်ပါသည်။

၂.၁၂.၂၀၁၃ရက်နေ့      –         ဥက္ကဋ္ဌသည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ပြည်ထောင်စုအစိုးရအဖွဲ့စီးပွားရေးကော်မတီ၏ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ (Delivery Limit)မှ ဒုတိယဝန်ကြီး (၃)ဦးနှင့် တွေ့ဆုံသည့် အစည်းအဝေးပွဲသို့ တက်ရောက်ပါသည်။

၄.၁၂.၂ဝ၁၃ရက်နေ့      –         ရေးရာကော်မတီများ ပူးပေါင်းအစည်းအဝေး ကျင်းပပြုလုပ်ပါသည်။ မွန်ပြည်နယ်လွှတ်တော်ရုံး၌ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့မှ စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွဲဖက်သုတေသီ စင်တီဂျိုလင်အဖွဲ့နှင့် တွေ့ဆုံသည်။

၆.၁၂.၂၀၁၃ရက်နေ့      –         ဥက္ကဋ္ဌသည်    ချောင်းဆုံမြို့နယ်သို့   သွားရောက်ပြီး ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ရန်ပုံငွေ သုံးစွဲဆောင်ရွက်ခြင်းကိစ္စများကို ညှိနှိုင်းဆောင်ရွက်ပါသည်။

၇.၁၂.၂ဝ၁၃ရက်နေ့      –         မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌     ကျင်းပသော  မွန်ပြည်နယ်ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာအလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်သည်။

၁၀.၁၂.၂၀၁၃ရက်နေ့    –         မော်လမြိုင်မြို့  ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်သော  အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့  အခမ်းအနားသို့ တက်ရောက်ပါသည်။     ပြည်နယ်လွှတ်တော်ရုံးတွင် မွန်ပြည်နယ်လွှတ်တော်       သတ္တမပုံမှန်အစည်းအဝေး       ကျင်းပရေး     ဦးစီးကော်မတီ အစည်းအဝေးသို့ ကျင်းပပါသည်။

၁၂.၁၂.၂ဝ၁၃ရက်နေ့    –        ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး(မြေသြဇာများစနစ်တကျ   ထုတ်လုပ်သုံးစွဲရေးဥပဒေမူကြမ်း) ပြုလုပ်ပါသည်။

၁၃.၁၂.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး(မြေသြဇာများစနစ်တကျထုတ်လုပ်သုံးစွဲရေး ဥပဒေမူကြမ်း) ပြုလုပ်ပါသည်။

၁၆.၁၂.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး(မြေသြဇာများစနစ်တကျထုတ်လုပ်သုံးစွဲရေး ဥပဒေမူကြမ်း)  ပြုလုပ်ပါသည်။

၁၈.၁၂.၂၀၁၃ရက်နေ့    –         ပထမအကြိမ်   မွန်ပြည်နယ်လွှတ်တော်   သတ္တမပုံမှန်အစည်းအဝေး   (ပထမနေ့) ကျင်းပပြုလုပ်ပါသည်။

၁၉.၁၂.၂ဝ၁၃ရက်နေ့    –         ပထမအကြိမ်    မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး    (ဒုတိယနေ့) ကျင်းပပြုလုပ်ပါသည်။

၂ဝ.၁၂.၂ဝ၁၃ရက်နေ့    –         ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပပြုလုပ်ပါသည်။

၂၂.၁၂.၂ဝ၁၃ရက်နေ့    –         မော်လမြိုင်မြို့  (Strand Hotel) ၌    NEI မှ ဦးဆောင်ကျင်းပသော လူငယ်တို့၏ရင်တွင်း စကားသံများ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ပါသည်။

၂၃.၁၂.၂ဝ၁၃ရက်နေ့    –         မွန်ပြည်နယ်လွှတ်တော်ရုံးတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်    လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်    ဒေါက်တာဉာဏ်ဇော်   လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းများ   ရှင်းလင်းပွဲသို့ တက်ရောက်ပါသည်။

၂၆.၁၂.၂ဝ၁၃ရက်နေ့    –         ဥပဒေပြုရေးဆိုင်ရာအစည်းအဝေး(ဆားလုပ်ငန်းဥပဒေမူကြမ်း) ပြုလုပ်ပါသည်။

၂၇.၁၂.၂၀၁၃မှ ၃၀.၁၂.၂၀၁၃ရက်နေ့ အထိ –         ဥက္ကဋ္ဌသည် နေပြည်တော်တွင် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) အစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်ပါသည်။

၃၁.၁၂.၂ဝ၁၃   –         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   လူ့အခွင့်ရေး    ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဦးဉာဏ်ဇော်အား ဖိတ်ကြားပြီး  မွန်ပြည်လွှတ်တော်အစည်းအဝေးခန်းမတွင် လူ့အခွင့်ရေး   ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါသည်။