2680

၂၀၁၈ခုနှစ်၊ မွန်ပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက်ကို ဆွေးနွေးသည့်အစည်းအဝေးကျင်းပခြင်း

(၂၈.၁၁.၂၀၁၇) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ၂၀၁၈ခုနှစ်၊ မွန်ပြည်နယ်၏ဘဏ္ဍာငွေအရအသုံး ဆိုင် ရာလျာထားချက်များအားဆွေးနွေးသည့်  အစည်းအဝေးကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့  မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊  စီမံကိန်း၊ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ဆိုင်ရာကိစ္စရပ် များလေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ ၂၀၁၈ခုနှစ်၊ မွန်ပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက် များအား ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို (၂၈.၁၁.၂၀၁၇) ရက်နေ့၊ နေ့လည်(၁၂း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။