3145

(၄၄)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားကျင်းပပြုလုပ်ခြင်း

(၁၉-၃-၂၀၁၈)ရက်နေ့၊ နံနက် (၈း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ ပြည်နယ်ခန်းမ၌ (၄၄)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်သက်လွင်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများတက်ရောက်ကြပါသည်။ အခမ်းအနားကို (၁၀း၀၀) နာရီ အချိန်တွင် ရပ်နားခဲ့ပါသည်။  ဆက်လက်ပြီး ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့များသည် (၁၁း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်ဥယျာဉ် ပန်းခြံ၌ မွန်ပြည်နယ်နေ့ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍  ပြခန်းများသို့လှည့်လည်ကြည့်ရှုခဲ့ပါသည်။